This website is under construction
နှစ်သိမ့်မှုတစ်ခုတည်းသာ
ကိုယ်ချစ်တဲ့သူဆိုတာလဲ
နှုတ်မဆက်ဘဲ ပျောက်သွားတတ်တယ်
ထိုဒါဏ်ရာဒါဏ်ချက်တွေရဲ့
ထိခိုက်မှုကို အချိန်ယူ ကုစားခဲ့ရတယ်
နောက်ထပ် နာကျင်မှုမတိုးပွါးစေရန်
ကိုယ့်ကိုထိခိုက်စေမယ့်
သံယောဇဉ်ဆိုတာမျိုးကို
ကြိုတင်ဖြတ်တောက်တတ်လာပြီ
အထီးကျန်မယ်ဆိုတဲ့
ကြောက်ရွံ့မှုကိုလဲ ဖြေဖျောက်တတ်လာပြီ
ခရီးကြုံလို့ နှစ်နှစ်ခြိုက်ခြိုက်နှုတ်ဆက်တဲ့
အခိုက်အတံ့နဲ့အတူ
အမှတ်တရများစွာရဲ့ နှိပ်စက်မှုကို
အချိန်ကာလတစ်ခုထိ ရင်ဆိုင်ရဦးမှာ။
ထို့အတွက်
အတွယ်တာများ မချဉ်းကပ်နိုင်စေရန်
ကိုယ့်ပတ်ဝန်းကျင်မှာ
စည်းမျဉ်းတွေ ကာစီးတတ်လာတယ်။
နံရံတွေနဲ့ ကာကွယ်တတ်လာတယ်။
ကိုယ့်ရင်ထဲ ဘာတွေ ဖြတ်သန်းနေလဲ မသိရင်
နှစ်သိမ့်မှုတစ်ခုတည်းသာ ထားခဲ့ပေးပါ။
Levi Sap Nei Thang
#LeviThang #Love