Doors Unlocked for Myanmar Pavilion In Dubai Expo 2020
(Burmese Version Below)
As the clock strikes towards the opening ceremony of Dubai Expo 2020 in the U.A.E, the world is getting ready for a thrilling journey packed with creativity, innovation, and partnership while exploring what’s possible when new ideas and people connect. Things that were unimaginable five years ago have come true today.
With a new record of 192 participating countries, the different venues of the Expo have turned bustling as all pavilions and exhibitions are preparing to go live in time. The excitement goes the same for Myanmar Pavilion.
On 21st September 2021, the venue of Myanmar Pavilion has been officially handed over to "Ms. Levi Sap Nei Thang," Deputy Commissioner General of the Myanmar Pavilion by the manager of Expo 2020. The doors to a unique exhibition of Myanmar’s culture, history, and heritage have opened with an urge to showcase the beauty of Myanmar’s diverse people to the visitors. Everything has been put in place, and the flag of Myanmar is ready to be raised on the largest world stage.
The opening ceremony of the Myanmar Pavilion will be happening in the Opportunity District on 1st October 2021, the same day with the opening of Expo itself and many other pavilions. Visitors from all over the world will be welcomed to embark on a journey of Myanmar’s value-based lifestyle from 10:00 to 22:00 every day until 31st March 2022.
စိတ်ကွန့်မြူးမှု၊ ဆန်းသစ်ပြောင်းလဲမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ အပြည့်နဲ့ ယူအေအီးနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် “ကမ္ဘာ့ကုန်စည်ပြပွဲ ဒူဘိုင်း ၂၀၂၀” ရဲ့ ဖွင့်ပွဲအခမ်းအနား စတင်ဖို့ နီးကပ်လာတာနဲ့အမျှ တစ်မ္ဘာလုံးကလည်း စိတ်ကူးသစ်နဲ့ လူ့စွမ်းအားတို့ ပေါင်းစပ်ထားတဲ့ ရလဒ်ကို တွေ့ရှိရဖို့ စိတ်လှုပ်ရှားနေကြပါပြီ။ လွန်ခဲ့တဲ့ (၅) နှစ်တာ ကာလက စတင်ခဲ့တဲ့ စိတ်ကူးတစ်ခုက ဒီကနေ့မှာတော့ အမှန်တကယ် အသက်ဝင်လာခဲ့ပါပြီ။
နိုင်ငံပေါင်း (၁၉၂) နိုင်ငံရဲ့ သမိုင်းဝင် ပူးပေါင်းပါဝင်မှုနဲ့အတူ ပြပွဲရဲ့ ခန်းမနေရာများဟာ နိုင်ငံအသီးသီးရဲ့ ပြခန်းများ၊ ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနဲ့ စတင်ပြည့်နှက် စည်ကားလို့ လာပြီ ဖြစ်ပါတယ်။ အားလုံးနည်းတူ မြန်မာပြခန်းဟာလည်း စိတ်လှုပ်ရှားဖွယ်ရာ အပြည့်ပါပဲ။
စက်တင်ဘာလ (၂၁) ရက်နေ့မှာတော့ ပြပွဲရဲ့ ဒူဘိုင်းအခြေစိုက် မန်နေဂျာများဟာ မြန်မာပြခန်းအား ပြခန်းရဲ့ ဒုတိယ ကော်မရှင်မင်းကြီး ဖြစ်သူ မလီဗီစပ်နိုင်ထန်းထံ တရားဝင် အပ်နှံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ထူးခြားဆန်းပြားတဲ့ ယဉ်ကျေးမှုအမွေအနှစ်နဲ့ သမိုင်းအစဉ်အလာများကို ခင်းကျင်းပြသရင်း အလည်လာသူတွေကြား မြန်မာတို့ရဲ့ မတူညီကွဲပြားတဲ့ အလှတရားကို ချပြခွင့်ရဖို့ တံခါးတွေတော့ ပွင့်သွားခဲ့ပါပြီ။ အရာအားလုံးကို နေရာတကျစီစဉ်ထားပြီး မြန်မာ့အလံကို ကမ္ဘာ့အလည်မှာ လွှင့်ထူဖို့ အဆင်သင့်ဖြစ်နေပါပြီ။
မြန်မာပြခန်းရဲ့ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၁) ရက်နေ့ Opportunity District မှာ ပြပွဲကြီးနှင့် အခြားပြခန်းများရဲ့ ဖွင့်ပွဲများနဲ့ တစ်ပြိုင်နက် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားက အလည်အပတ်လာသူတွေ မြန်မာတို့ရဲ့ စံနှုန်းနဲ့ တန်ဖိုးကြီးတဲ့ နေထိုင်မှုပုံစံကို လေ့လာခွင့်ရစေဖို့ ပြခန်းကို (၂၀၂၂) ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး နေ့စဉ် မနက် (၁၀) နာရီမှ ည (၁၀) နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။