Buy Souvenirs & Make Memories at Myanmar Pavilion

(English Version)
Apart from joining the exchange of new perspectives that tackle the greatest challenges and opportunities of our times, Expo 2020 Dubai shall also become a global hub of different cultures and traditions. To put it simply, there is no better place for you to collect souvenirs and merchandise from different country pavilions and carry home memories from all over the world.
Although there was an initial plan to conduct the promotion area as a junction point for shopping at the Expo, it has been postponed due to coronavirus concerns. However, visitors are still available to shop and collect different items and souvenirs at the souvenir corner of respective pavilions.
Upon arriving at the Myanmar Pavilions and enjoying the awe-inspiring showcase of its culture and people, visitors can buy stunning, authentic, and memorable souvenirs at the souvenir corner situated near the exit door. Take a first look at the Myanmar T-shirt, hat, and mask you can purchase in the picture below.
The T-shirt and mask are available in black and white colors and the hat comes in different color options.
These items are also intended to give away as a special gift to potential business partners interested in exporting Myanmar’s products and the officers from different countries when they visit the Myanmar Pavilion. Myanmar Pavilion is looking forward to hosting visitors proudly wearing Myanmar merchandise and souvenirs and celebrating pride, unity, and delight together.
(Burmese Version)
မျက်မှောက်ကာလရဲ့ အခမ်းနား အကြီးကျယ်ဆုံးသော စိန်ခေါ်မှုတွေနဲ့ အခွင့်အရေးတွေကို အတွေးအမြင်အသစ်နဲ့ ထိတွေ့ဖလှယ်ခွင့်ရမယ့်အပြင် “ကမ္ဘာ့ကုန်စည်ပြပွဲ ဒူဘိုင်း ၂၀၂၀” ပွဲကြီးဟာ တစ်ကမ္ဘာလုံးရဲ့ ယဉ်ကျေးမှုအစဉ်အလာတွေ ပေါင်းဆုံရာ ဖြစ်လာမှာပါ။ အရှင်းအလင်းဆုံး တင်ပြရရင်တော့ ဒီပွဲဟာ လာရောက် လည်ပတ်လေ့လာသူတွေအတွက် တစ်ကမ္ဘာလုံးက အမှတ်တရနဲ့ အရောင်းပစ္စည်းတွေကို မတူညီတဲ့ ပြခန်းတွေမှာ ဝယ်ယူစုဆောင်းပြီး အမှတ်တရတွေ ဖန်တီးနိုင်ဖို့ အခွင့်အရေးကောင်းပါပဲ။
မူလက ကုန်ပစ္စည်းတွေ အားလုံးကို တစုတစည်းထဲ ဝယ်နိုင်ဖို့ သီးသန့် ပရိုမိုးရှင်း နေရာအပိုင်းအခြားတစ်ခုလုပ်ဖို့ စီစဉ်ခဲ့ရပေမယ့် COVID-19 ရောဂါပိုး ကူးစက်မှု အန္တရာယ်ကြောင့် ဒီအစဉ်အစီကို ရွှေ့ဆိုင်းထားလျက် ရှိပါတယ်။ ဒါပေမယ့် လေ့လာလည်ပတ်သူတွေကတော့ သက်ဆိုင်ရာ ပြခန်းရဲ့ အမှတ်တရပစ္စည်း ရောင်းချရာနေရာမှာ မတူညီတဲ့ အမှတ်တရနဲ့ ထုတ်ကုန်ပစ္စည်းတွေကို စုဆောင်းပိုင်ဆိုင်နိုင်မှာပါ။
မြန်မာပြခန်းကို လာရောက်လည်ပတ်တဲ့ အခါမှာလည်း လေ့လာသူတွေအနေနဲ့ မြန်မာတို့ရဲ့ ထူးကဲအံ့ဩဖွယ်ရာ ယဉ်ကျေးမှုနဲ့ လူနေထိုင်မှုအကြောင်းကို ခံစားခွင့်ရရှိမယ့်အပြင် စစ်မှန်လှပပြီး အောက်မေ့ဖွယ်ရာ အမှတ်ရပစ္စည်းတွေကို အထွက်တံခါးအနီးရှိ ရောင်းချရာ စားပွဲမှာ ဝယ်ယူအားပေးနိုင်မှာပါ။ ဝယ်ယူရရှိနိုင်မယ့် မြန်မာအမှတ်တရ အင်္ကျီ၊ ဦးထုပ်နဲ့ နှာခေါင်းစည်းတွေကို ပုံမှာ ကြည့်ရှုနိုင်ပါတယ်။
တီရှပ်နဲ့ နှာခေါင်းစည်းတွေကိုတော့ အဖြူနဲ့အနက် အရောင်နှစ်မျိုး ဝယ်ယူနိုင်မှာဖြစ်ပြီး ဦးထုပ်ကိုတော့ အရောင်စုံ ဝယ်ယူရရှိနိုင်မှာပါ။
ဤအမှတ်တရပစ္စည်းများကို မြန်မာကုန်ပစ္စည်းများကို ပြည်ပမှာ တင်ပို့ဖို့ စိတ်ဝင်စားပြီး မြန်မာပြခန်းမှာ လာရောက်ဆွေးနွေးသူများနဲ့ နိုင်ငံတကာမှ သံအရာရှိများ မြန်မာပြခန်းကို လာရောက်ကြည့်ရှု့ပါက လက်ဆောင်ပေးဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ မြန်မာ့ အမှတ်တရလက်ဆောင်ပစ္စည်းများကို ဝတ်ဆင်ပြီး မြန်မာ့တို့ရဲ့ ဂုဏ်၊ ပျော်ရွှင်ကြည်နူးမှုနဲ့ စည်းလုံးညီညွှတ်မှုတို့ကို အတူဆင်နွှဲကြဖို့ မြန်မာပြခန်းကို ဖိတ်ခေါ်လိုက်ရပါတယ်။