Skip to main content

Your Cart

Your cart is currently empty.
Click here to continue shopping.
Valentine's Day Sales 10% Off until 14 Feb 23 Code #14Feb23

မိမိအိမ်နီးနားချင်းကို ချစ်ပါ

မိမိအိမ်နီးနားချင်းကို ချစ်ပါ

အခုရေးတဲ့အဖြစ်အပျက်က ၂၀၁၉ ခုနှစ် စက်တင်ဘာလတုန်းက ကျမ မြန်မာပြည်ကို ပြန်လာစဉ်က အဖြစ်အပျက်ပါ။ အဲဒီတုန်းက စာတင်မလို့ ကိုယ့်ခြံဘေးကို အားနာလို့ မတင်ဖြစ်တာပါ။ အခုကတော့ အချိန်ကြာလာပြီမို့ သင့်တော်မယ်ထင်လို့ တင်တာပါ။

ကျမတို့ခြံက ၂၅ ဧကရှိတော့ ၁၀ နှစ်ကျော်နေလာတာ အေးချမ်းလေ့ရှိပါတယ်။ မကြာသေးခင်မှာ ခြံဘေး ၂ ဧက အကွာလောက် ခြံစည်းရိုးနားမှာ ဘေးခြံက အိမ်ဆောက်ပြီး ကေတီဗီဖွင့်ပါတယ်။ ၂၀၁၉ ခုနှစ် နှစ်ဆန်းမှာ တွေ့ပြီးပါပြီ။ ၂၀၁၉ စက်တင်ဘာလ ပြန်ခါတဲ့အခါမှာတော့ သူတို့စီးပွါးရေး ကောင်းမွန်လာလို့ ခြံစည်းရိုးနားဖက်ကို အဆောက်အဦးအသစ် ထပ်ဆောက်ပါတယ်။ ခြံစည်းရိုးနားက အပင်တွေကိုလည်း ခုတ်ထားတယ်။ ဒါကို သီးခံလို့ရသေးတယ် အိမ်နီးနားနဲ့ အဆင်ပြေချင်တယ်လေ။ ကျမအတွက် အဆင်မပြေတာက မနက် ၄ နာရီလောက်မှာ မူးတဲ့အသံတွေ တီးသံဆိုညံတာတွေက အိပ်မရတာ ညဆက်တိုက်များလာတော့ ခေါင်းတွေမူးပြီး ကျန်းမာရေး ထိခိုက်လာတယ်။ သူတို့ကလဲ ကျမတို့နဲ့ ခြံချင်းကပ်တော့ ကျမတို့နဲ့ အဆင်ပြေချင်တာ နားလည်ပါတယ်။ သူတို့ဝန်ထမ်းကလေးတွေက ခေါက်ဆွဲကြော်တို့ လာပို့ပါတယ်။ အမ ဒီမှာ ရှိတဲ့အချိန်မှာတော့ မနက်ပိုင်းထိ မဆူညံဖို့ ပိုင်ရှင်ကို ပြောပေးပါလို့ စကားပါးသေးတယ်။ ဒါပေမယ့် မထူးခြားလာပါဘူး။

ကျမဆိုရင် ညအိပ်မရလို့ ပြတင်းပေါက်ကနေ လသာတာကို ငေးရင်း ဆုတောင်းတယ်။ အိမ်းနီးနားနဲ့ အဆင်​ပြေချင်တယ် ဒါပေမယ့် ရည်ရှည်မှာ ဒီလိုဆက်နေလို့မရဘူး။ ဘုရားလက်ထဲအပ်ပါတယ်လို့ တစ်ပါတ်လောက်ဆုတောင်းပြီးနောက် ခြံကို ကူညီတဲ့ ကိုအေးကို ခေါ်ပြီး ဟိုဖက်ဆိုင်ကို ဖုန်းခေါ်ပေးပါ။ ကျမ ဆုတောင်းတာ ငြိမ်သက်ခြင်းရပြီ ဆိုင်ရှင်နဲ့ စကားပြောချင်တယ်လို့... ကိုအေးက အကြီမ်ကြီမ်ဖုန်းခေါ်တာ သူတို့မကိုင်ဘူး။ သူတို့ဆိုင်ထိ ဆိုင်ကယ်နဲ့သွားတာ ဆိုင်ပိတ်ထားတယ်တဲ့။ ဒါမျိုးမကြုံဖူးဘူး အံ့ဩတယ်ကွာတဲ့....

ဒါနဲ့ ရပ်ကွက်ဥက္ကဌကို ကျမဖုန်းခေါ်ပြီး ဘေးခြံနဲ့စကားပြောချင်တယ်လို့ လှမ်းမေးတော့.. ဟားး သုံးရက်လောက်ရှိပြီ အဲ့ ကေတီဗီဆိုင်ကို စစ်တပ်က ချိတ်ပိတ်သွားတာတဲ့.... ကျမ လန့်ဖျန့်သွားတာ ... ဘယ်လိုဖြစ်တာလဲလို့ မေးတော့... သူတို့ဆိုင်ထဲမှာ အမူးသမားတွေ သေနတ်ရမ်းလို့ စာရေးမလေးက ရဲကိုခေါ်တာ လက်နက်မှုမို့လို့ ရဲက စစ်တပ်ကို ထပ်ခေါ်တာ ဆိုင်ကလဲ လိုင်စင်မရှိဘဲ ဖွင့်တာဆိုတော့ ချိတ်ပိတ်သွားတာတဲ့...

ကိုအေးက ကျမကိုပြောတယ် အမနားမှာ နေရတာ တုန်လှုပ်ခြောက်ခြားလာပြီ၊ တန်ခိုးရှိနေတယ် အမ သဘောမကျရင် အမ ဘာမှ လုပ်စရာမလိုဘူး သူ့အလိုလိုပျောက်သွားတာ၊ ကျနော့်ကို ဆုတောင်းပေးပါ ကောင်းစားချင်တယ်တဲ့ .....

ညနေလောက်မှာ ကျမ မိဘက စိုးရိမ်တကြီးနဲ့ ကျမ ဘာလုပ်လိုက်လို့ ခြံဘေးချိတ်ပိတ်ခံရသလားလို့ မေးတော့၊ ကိုအေးက အကျိုးအကြောင်းပြန်ရှင်းပြနေသေးတယ်။ ဒီအဖြစ်အပျက်မှာ ဆိုင်ရှင်အတွက် ကျမ စိတ်မကောင်းပါဘူး။ ဒါပေမယ့် မိမိဆန္ဒအတိုင်း ညသန်းကောင်မှာ ဆူညံသံပျောက်သွားပြီး ကောင်းကောင်းမွန်မွန် အိပ်လို့ ရသွားခဲ့ပါတယ်။ ဒီကြောင်းစဉ်းစားမိတိုင်း အံ့ဩနေဆဲပါဘဲ။ ကျမ နဲ့ အိမ်းနီးနားနဲ့ ဘာအထင်မြင်လွဲစရာမရှိရဘဲ ကျမဆန္ဒအတိုင်း အေးအေးချမ်းချမ်းလေး နေလို့ရပါပြီ။ ကျမ ဘဝမှာ အံ့ဩဖွယ်များစွာ ကြုံဖူးပါတယ်။

အိမ်နီးနားများနဲ့ အဆင်ပြေကြပါစေ....

ချစ်ခြင်းများစွာဖြင့်

Levi Sap Nei Thang
www.LeviSapNeiThang.com
FB: www.facebook.com/LeviSapNeiThang.net
IG: www.instagram.com/levi_sap_nei_thang

Continue reading

တိတ်တစ်ခိုးအလွမ်း

ကျမခြံထဲ ကျုးကျော်တဲ

ကျန်ုပ်ဆုတောင်းသံ