Skip to main content

Your Cart

Your cart is currently empty.
Click here to continue shopping.

တိတ်တစ်ခိုးအလွမ်း

ကိုယ်အားငယ်စဉ်က
ကြိုးစားရုန်းကန်စဉ်က
အကျိုးအကြောင်းမဲ့ ထားခဲ့သူတွေ
အကြောင်းအမျိုးမျိုးပြ ကျောခိုင်းခဲ့သူတွေ
ကိုယ်မျော်လင့်ချက် ကင်းမဲ့စဉ်က
ဒါဏ်ရာပါရပွနဲ့ နာကျင်စဉ်က
ကိုယ့်အနား မပြောမဆို
မင်းရောက်လို့လာတယ်

ကိုယ်တို့နှစ်ဦး
ညသန်းကောင်မှာ
ကောင်းကင်ကို ငှေးကြည့်မယ်ဆိုရင်
လမသာရင်လဲ ဖြစ်တယ်
ရေတွက်စရာ ကြယ်မပေါ်လာလဲ ဖြစ်တယ်
မင်းဘေးနားမှာ နေခွင့်ရှိမယ်ဆိုရင်
လမိုက်ညဖြစ်ပါစေ လှပနေမှာ

ကိုယ်တို့နှစ်ဦး
စိတ်ငြိမ်လမ်းထဲ ပြန်လာတယ်ဆိုရင်
သစ်ပင်အရိပ်အောက် ဖြတ်သွားတယ်ဆိုရင်
လမ်းဆုံးရောက်မှာ စိုးလှပါတယ်
အချိန်ကုန်သွားမှာ စိုးလှပါတယ်
ခွဲခွါမယ့်ချိန် ရောက်လို့လာမှာ
ကြောက်လှပါတယ်.

ဝေးကွာချိန်မှာ
အဆက်အသွယ်မရှိ
ရက်တွေ လတွေ
ကြာလေပေမယ့်
ရင်ကိုစိုးမိုး နေရာယူထား
ကိုယ့်နှလုံးသား ပိုင်ဆိုင်ထားသူ
မင်းလေးပါကွယ်

မင်းကို လွမ်းတယ်ဆိုတာ
မင်းဘေးနားမှာ ကိုယ်ရှိနေခဲ့တဲ့
အချိန်တွေကို လွမ်းတာ
လွမ်းလွန်းလို့လဲ ငိုဖူးပါတယ်
မပြောရဲလို့လဲ ခံစားရပါတယ်
ဝေးရလို့လဲ ဖြေသိပ်ရပါတယ်
ဟန်ဆောင်ရလို့လဲ ပင်ပန်းလှပါတယ်

Romance Me မှ ကောက်နှုတ်ချက်တစ်ချို့

 

ချစ်ခြင်းများစွာဖြင့်

Levi Sap Nei Thang
www.LeviSapNeiThang.com
FB: www.facebook.com/LeviSapNeiThang.net
IG: www.instagram.com/levi_sap_nei_thang

Continue reading

ကျမခြံထဲ ကျုးကျော်တဲ

မိမိအိမ်နီးနားချင်းကို ချစ်ပါ