How to get to the Myanmar Pavilion at Expo 2020 Dubai

I am overwhelmed with joy and thrills to announce that our Myanmar Pavilion, organized and sponsored by Levi Sap Nei Thang, is ready to shine among the world in Expo 2020 Dubai. I would like to provide you a directionary guide so that you won’t get lost when you come to cheer our Myanmar Pavilion.
You can take the Dubai Metro until the last stop or take a free public transport service called Expo Rider to get to the Expo. Once on arrival, you will have to pass through ticket and security gates and then turn left and head straight to Opportunity District to get to the Myanmar Pavilion.
The code to search on Myanmar Pavilion on the map is C6 - 164 and the neighbor pavilions are of Liberia and Morocco. Please kindly get the directionary on Google Map in the following link.
https://goo.gl/maps/1BrPi1Wep5djJ5F76
Please also be informed that you can get a free ticket for Expo Opening Day at Inle Restaurant. Do take care of yourself as the weather is quite hot. I will be standing by at the door to cordially welcome all the visitors from morning 8:45 A.M. to evening 6:00 P.M. throughout the opening day. I am beyond excited to be meeting and greeting all of you. Don't forget to wear our Myanmar T-shirt, hat and mask if you have already bought them.
(Burmese Version)
ကမ္ဘာ့ကုန်စည်ပြပွဲ ဒူဘိုင်း ၂၀၂၀ မှာ ဂုဏ်ယူစွာနဲ့ ပါဝင်ပြသဖို့အတွက် ကျမတို့ရဲ့ မြန်မာပြခန်းကတော့ အဆင်သင့်ဖြစ်နေပါပြီ။ ဖွင့်ပွဲနေ့ကစပြီး မြန်မာပြခန်းကို တကူးတက လာရောက် အားပေးတဲ့ အခါ လမ်းမပျောက်ရလေအောင် ကျမအနေနဲ့ မြန်မာပြခန်းရဲ့ တည်နေရာကို သေသေချာချာလေး လမ်းညွှန် ပေးပါရစေ။
Expo 2020 ကို ရထားနဲ့ လာဖို့ဆို နောက်ဆုံးမှတ်တိုင်အထိ စီးလာရမှာဖြစ်ပြီးတော့ အခုဆို ဒူဘိုင်းမြို့အနှံ့မှာလည်း Expo Rider လို့ခေါ်တဲ့ ဘတ်စကားက အရောက်ပို့ပေးနေပါပြီ။ ရောက်တာနဲ့ လက်မှတ်ပြ၊ လုံခြုံရေးဂိတ်တွေကို ဖြတ်လာရမှာဖြစ်ပြီး မြန်မာပြခန်းကို သွားဖို့အတွက် ဘယ်ဖက်မှာရှိတဲ့ Opportunity District ဆီ ဦးတည်ရမှာပါ။
ပြခန်းနံပါတ်ကတော့ C6 - 164 ဖြစ်ပြီး လမ်းညွှန်မြေပုံမှာ ရှာကြည့်နိုင်ပါတယ်။ အနီးအနားမှာတော့ လိုက်ဘေးရီးယားပြခန်းနဲ့ မော်ကိုရိုပြခန်းများ တည်ရှိပါတယ်။ "Google Map" လမ်းညွှန်ကိုလည်း အောက်က လင့်ခ်မှာ ကြည့်ရှူနိုင်ပါတယ်။
https://goo.gl/maps/1BrPi1Wep5djJ5F76
ပြခန်းကို ဖွင့်ပွဲနေ့မှာ လာဖို့အတွက် လက်မှတ်ကို အင်းလေးစားသောက်ဆိုင်မှာ အခမဲ့ ထုတ်ယူနိုင်ပြီး ရာသီဥတုပူပြင်းတာမိုလို့ အထူးဂရုစိုက်စေချင်ပါတယ်။ ဖွင့်ပွဲနေ့မနက် ၈:၄၅ ကနေ ည ၆ နာရီအထိ မြန်မာပြခန်းရဲ့ တံခါးဝမှာ ကျမကိုယ်တိုင်ကြိုဆိုဖို့ စောင့်နေပါမယ်။ အားလုံးနဲ့ တွေ့ဆုံ စကားပြောရဖို့အတွက် စိတ်လှုပ်ရှားနေပါပြီ။ မြန်မာ အမှတ်တရ တီရှပ်၊ ဦးထုပ်နဲ့ နှာခေါင်းစည်းလေးတွေ ဝယ်ယူပြီးပြီဆိုရင်လည်း ဝတ်ဆင်လာကြဖို့ မမေ့နဲ့နော်။
Sincerely,
Levi Sap Nei Thang
Deputy Commissioner General
The Myanmar Pavilion
Expo 2020 Dubai
U.A.E